6

လွယ်ကူမြန်ဆန်တဲ့ သတ်သတ်လွတ် Mushroom Pizza သင်ကိုယ်တိုင်ဖန်တီးပြုလုပ်နိုင်ပါပြီ။

လိုအပ်တဲ့အရာလေးတွေကတော့
သံလွင်ဆီ (၂) ဇွန်း
ထောပတ် လက်ဖက်စားဇွန်း (၂) ဇွန်း

ကြက်သွန်ဖြူ (၃) လုံး
ဆားလက်ဖက်စားဇွန်း(၂) ဇွန်း
ငရုပ်သီး (၃)တောင့်
ဂျုံမှုန့် (၁၅၀) ဂရမ်
တဆေး (၄)ဇွန်း
mozzarella cheese (၈) အောင်စ
မှို (၈) အောင်စ

(၁)ရှေးဦးစွာဆီကိုအပူပေးပြီးမှို၊ကြက်သွန်ဖြူ၊ကြက်သွန်နီတို့နှင့်ရောစပ်ကာရေအနည်းငယ်ထည့်ပြီး၇မိနစ်ခန့်အငွေ့ပြန်အောင်တည်ထားပေးပါ။ထို့နောက်ဆားအနည်းငယ်ထည့်ပေးပြီး ကြေညက်အောင် မွှေထားပေးရန်လိုအပ်ပါတယ်။

(၂) Piazza စတင်မပြုလုပ်ခင် Ovenကို အရင်ဦးစွာ 550 ºF အထိ အပူပေးထားပြီး ဂျုံမှုန်ကိုဇလုံသန့်သန့်တစ်ခုဖြင့် တဆေးအနည်းငယ်ထည့်ပြီးဆားထည့်ကာရေနွေးဖြင့်စတင်နယ်ထားပေးရပါမယ်။

၃) သင့်ရဲ့ Oven လုံလောက်သော အပှုချိန်ကိုရရှိလာသောအခါ မှိုနှင့်အခြားသောအစာပလာများကို အပေါ်မှ နယ်ထားပေးသော ဂျုံမှုန့်ပေါ်တင်ပေးပြီး mozzarella Cheeseကို ပတ်ပတ်လည်တွင်ဖြူးပေးကာ Parchment paper ကိုအောက်ခံထားပြီး Oven တဲတွင် ၈ မိနစ်ခန့် ဖုတ်ပေးရပါတယ်။

(၄) နောက်ဆုံးတွင် Pizza ကို မိနစ်အနည်းငယ်အအေးခံထားပေးပြီး လှီးဖြတ်ထားသောငရုပ်သီးအနည်းငယ်ကိုဖြူးထားပေးပြီးလျှင်စတင်သုံးဆောင်နိုင်ပါပြီ။

Pizza စားဖို့အလိုက်ဖက်ဆုံး အချဉ်ရည်ကိုလည်း ဝေးဝေးလံလံရှာဖွေနေစရာမလိုတော့ပါဘူးနော် Golden Dragonရဲ့အကောင်းစား Tomato Sauce လေးနဲ့ဆိုရင်တော့ မေးနေစရာမလိုတော့အောင် အလိုက်ဖက်ဆုံးဖြစ်သွားပါပြီနော်လို့ သတင်းကောင်းလေးပါးပါရစေနော်။

Tags: No tags