4

သင်ဘာလို့ ညစာကိုနောက်ကျပြီးမစားသင့်တာလဲ?

မနက်စာကို အဝစားပါ နေ့ခင်းစာကို စားဖြစ်အောင်စားပါ ညစာကိုတော့ နောက်မကျစေနဲ့ဆိုတဲ့စကားကို

ကြားဖူးမယ် ထင်ပါတယ် ကျွန်တော်တို့ဟာ တစ်ခါတစ်လေ လွဲမှားတဲ့ အယူအဆတွေနဲ့ ညစာကို နောက်ကျမှစားလေ့ရှိပါတယ် တစ်ခါတစ်လေဆိုရင်တော့ ဘာမှမဟုတ်တဲ့အရာဆိုပေမယ် ကြာလာရင်တော့ ခန္ဒာကိုယ်အတွက် မကောင်းတဲ့ အလေ့အကျင့်ဖြစ်တဲ့အတွက် ရှောင်ရှားသင့်ပါတယ်။

ဒါဆိုရင်နောက်ကျမှ ညစာကိုစားရင်ဘာတွေဖြစ်တတ်လဲဆိုတာ ဆက်လက်ရှုစားကြည့်ရအောင်နော်။

၁) နောက်ကျမှစားရင် မှတ်ဉာဏ်တွေရော့ကျစေတယ်
ဟုတ်ပါတယ် လေ့လာတွေရှိချက်များအရ အမြဲတမ်း ညနက်မှ အစားစားတတ်တဲ့သူတွေဟာ မကြာခန သတိမေ့တာမျိုးဖြစ်တတ်ပါတယ်။

၂) အိမ်မက်ဆိုးတွေမက်စေနိုင်တယ်
သာမာန်လူတစ်ယောက်ရဲ့ နောက်ဆုံးညစာစားချိန်ဟာ ပုံမှန် ၇နာရီဖြစ်သင့်ပါတယ် ညမအိပ်ခင် အစားစားထားပါက ရင်ပြည့်ရင်ကယ်ဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ အိမ်မက်ဆိုးတွေမက်နိုင်ပါတယ်။

၃)နှလုံးရောဂါဖြစ်နိုင်ချေများတယ်
ညစာကို နေ့စဉ် ပုံမှန် ၇နာရီထက်ကျော်လွန်ပြီးစားသုံးပါက နှလုံးရောဂါဖြစ်နိုင်ချေများပြားပြီး သွေးပေါင်ချိန် မြင့်တက်တာကို ခံစားရစေနိုင်ပါတယ်။

၄) သာမာန်ထက်ပိုဝစေတယ်
သင်ဟာ ညဘက်ကို Diet လုပ်မယ်လို့ကြံရွယ်ထားရင်တော့ ညဘက်အစားစားခြင်းဟာ အလွန်ကြီးမားတဲ့အန္တရယ်ဆိုတာ ပြောနေစရာတောင်မလိုတော့ပါဘူးနော်။

ဒါကြောင့်ကိုယ့်အနေနဲ့ မှားယွင်းတဲ့ အပြုအမှုတွေကို ဖန်တီးနေမိပြီဆိုရင်တော့ ယခုကတည်းက ကြိုတင်ပြင်ဆင်နေသင့်ပါပြီလို့ အကြံပေးပါရစေနော်။

Tags: No tags