အရသာရှိရုံမျှမက ခန္ဒာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် C,Dအစရှိတဲ့ ဓာတ်တွေကိုပါပေးစွမ်းနိုင်တဲ့
သဘောၤသီးထောင်းသုပ်လေးကိုတော့လူတိုင်းကြိုက်နှစ်သက်မယ်ထင်ပါတယ်။ဒါဆိုရင်အရသာရှိတဲ့ထိုင်းသင်္ဘောသီးထောင်းသုပ်လေးကို စိန်ခဲရွှေခဲငါးငံပြာရည်လေးသုံးပြီးလုပ်စားကြရအောင်နော်။
လိုအပ်တဲ့အရာတွေကတော့
သံပုရာရည် လက်ဖက်စားဇွန်း ၃ဇွန်း
သကြား ၂ဇွန်း
ငါးငံပြာရည် ၂ဇွန်း
ပုဇွန်ခြောက်အမှုန့် ၂ ဇွန်း
ကြက်သွန်နီ ၂ လုံး
သဘောၤသီး တစ်လုံး (သို့မဟုတ်) ၁ခြမ်း
ခရမ်းချဉ်သီး ၄ လုံး
တရုတ်နံနံ ၁စည်း
ကြက်သွန်ဖြူ ၄ လုံး
ငရုတ်သီးရှည် ၂တောင့်
မြေပဲဆံ လက် ၁ဆုပ်
ပြည်ကြီးငါး (ကြိုက်နှစ်သက်လျှင်)
၁) အခွံနွာထားသော ကြက်သွန်ဖြူများကို ကြိတ်စက်ထဲသို့ထည့်ပြီး ကြေညက်အောင်ကြိတ်ပါထို့နောက်သကြား၂ဇွန်း စိန်ခဲရွှေခဲ ငါးငံပြာရည် (သို့) ကြိုက်နှစ်သက်ရာ၂ဇွန်း၊ ပုဇွန်ခြောက်အမှုန့် ၂ ဇွန်း နှင့် စိပ်ထားသော ကြက်သွန်နီ ၂ လုံးတို့ကိုသန့်စင်စွာဆေးကြောထား သောပန်ကန်ပြားသန့်သန့်ထဲသို့ ဖယ်ထားပေးပြီးသံပုရာရည် စတင်ထည့်ပါ။ထို့နောက် စိပ်ထားသော ခရမ်းချဉ်သီးနှင့် မြေပဲအနည်းငယ်တို့ကို ထပ်မံရောထည့်ပေးပါ။
၂) ရေစင်အောင်ဆေးထားသော သင်္ဘောသီးတို့ကို စတင်အခွံနွှာ၍ အစေ့နှင့် မလိုအပ်သော အခွံများလုံးဝမပါအောင်ဖယ်ပေးပါ။
၃) ပြီးလျှင်နွှာထားသော သင်္ဘောသီးတို့ကို ပန်ကန်ပြားသန့်သန့်မှ အမယ်များနှင့်ရောနယ်ပြီး နံနံပင်များဖြူးထည့်၍ မြေပဲဆန်များထည့်ပြီးလျှင် အရသာရှိတဲ့ သင်္ဘောသီးထောင်းကို စတင်သုံးဆောင်နိုင်ပါပြီနော်။